image imagewidth (px) 595 612 | text stringlengths 13 2.42k |
|---|---|
ထုတ်ဝေမှုမှတ်တမ်း
မြန်မာကျူးပစ်စာစဉ် ချစ်တဲ့ကဗျာ (၆)
ကဗျာပုဒ်ရေ ၁၄ ပုဒ်
ထုတ်ဝေခြင်း ပထမအကြိမ်
ထုတ်ဝေကာလ ၂၀၀၈ ခုနစ်၊ ဒီဇင်ဘာလ
အုပ်ရေ ကန့်သတ်မထား
စုစည်းသူ မနော်ဟရီ
မျက်နှာဖုံးပန်းချီ မောင်ဒီ
စာအုပ်အပြင်အဆင် ကိုထက် | |
မာတိကာ
ကျွန်ပ်တို့ ရင်ထဲမှ သင်တို့၏ ရင်ထဲသို့
အောင်ချိမ့်
ကျနော်ရဲ့ခေတ္တကားချပ်
ခရီး
သိနားလည်သူတို့၏ ကစားနည်း
အဂ္ဂါအယ်လင်ပိုး ၏ ‘၇၄’ ဝတ္ထု
ရေချိုးပြီးစ
လေလွင့်ငှက်ခြေရာ
ဖော်ဝေး
မီးလောင်ပြင်
အရိပ်များ
နှလုံးသားမျက်နှာ
၃ကြိမ်မြောက်လက်ခမောင်းခတ်ခြင်း | |
အမည်မဲ့နေ့ရက်များ
မိမိကိုယ်ကိုရှာဖွေတွေ့ရှိခြင်း
မောင်ချောနွယ်
ရေခဲပန်းနု
ချစ်သောသူဖြတ်သန်းခဲ့ရသော အရောင်အရိပ် ရနံ့ နှင့်
ကျွန်ုပ်၏ဘဝအမောအလွမ်း | |
ကျွန်ုပ်တို့ရင်ထဲမှ သင်တို့၏ ရင်ထဲသို့
(၁)
ကျနော်၏အသဲနှလုံးဘက်မှ ခုခံကာကွယ်
ပြောဆိုရန်အင်အားကျန်သေး သည့်အတွက်
ဂုဏ်ယူလိုက်မိပါသည်။
(ဖူးချစ်)
သူ့ရဲ့ ကြိုးစင်ပေါ်ကမှတ်စု တခါဖတ်ပြီးတိုင်း တခါတုန်လှုပ် ခဲ့ရပါတယ်။
အဲဒီမှတ်စုကို၊ သူသေဆုံးတော့မယ်လို့သိနေချိန်၊ သေဒါဏ်အမိန့် ကြားသိပြီးချိန်
မှာ ရေးခဲ့တာပါပဲ ..။
အံ့သြဖွယ်ရာ သူ့ မှတ်စုဟာ ရေးသားခဲ့တဲ့ ကာလနဲ့” မထိုက်တန်စွာ အချစ်စိတ်
တွေပြည့်လျှမ်းနေတယ်။ ဤ လူလောကအားသူ့အချစ်၊ ဤလူသား တို့အား သူ့
အချစ်၊ အနာဂါတ် ပျော်ရွင်မှုအားသူ့အချစ်၊ "သင်တို့ကို ကျွန်ုပ် ချစ်ခဲ့ပေသည်”
တဲ့။
တကယ်လို့သာ ကျနော်တို့ဟာ သေရတော့မှာ မလွဲမသွေသိရှိနေတဲ့အချိန်၊ သေအံ့
မူးမူးအချိန်မှာ
ရောက်ရှိနေလို့ဖြစ်ရင်၊
သူ့လိုသူ့
ခေတ်ကို
နူးညံ့ထက်ရှစွာ၊
စိတ်လက်ရှည်စွာ၊ တည်ငြိမ်စွာစီကာပတ်ကုံး ပြောပြရေးသားနိုင်ခဲ့ပါ့ မလား။ ကျ
နော်တို့ဟာနောင်တနဲ့ ငိုယိုနေသူတွေဖြစ်မလား။ ဆဲရေးကျိမ်စာတိုက် နေသူတွေ | |
ဖြစ်မလား။ အဲသလို သံသယများနဲ့ အမှောင်ဆည်းဆာထဲမှာ ကျနော်တို့ဟာ မိမိ
ကိုယ်မိမိ ပျောက်ဆုံးနေ ခဲ့ကြတယ်။
(၂)
တကယ်တော့ ကျနော်တို့တတွေဟာ အဝိဇ္ဇာဖိစီးမှု အောက်မှ "အမြိုက်
ကြည်လေးတစ်ပေါက်လောက်နဲ့ ခရီးဆက်နေရသူတွေပါ ပဲ။ ခေတ်နဲ့ လောကဓံရဲ့
ရိုက်ပုတ်မှုကြောင့် မြုတ်ချည်ပေါ်ချည်နဲ့ ဘဝအလွမ်း၊ဘဝအမော တွေသာ ရင်မ
ဆန့်အောင်သယ်ဆောင် နေရတယ်။ လူငယ်ဘဝရဲ့ ခွန်အားနဲ့ ပျော်ရွှင်မှုတွေဟာ
ပြန်မတွေးရဲ လောက်အောင်ပဲ ကုန်ခမ်းခဲ့ရပါပြီ..။
တခါတလေ ဘဝကိုငြီးငွေ့မိတဲ့အထိ နိဌာရုံတွေဟာ နီးနီးကပ်ကပ် အော်ဟစ်နေ
ကြလေရဲ့။ နိုင်ငံရေး၊ အချစ်၊ ဘဝကိုချစ်တတ်လို့သာဘဲ။ ဘဝကို ငြီးငွေ့တာ
လောက်လူမဆန်တာမရှိဘူး” လို့ ပြောပြချင်ခဲ့ပါတယ်။ "လူသားဟာဒုက္ခ၊ ဗျာပါဒ
ရောက်ရှိချိန်မှာ ဆွံ့အနေပေမဲ့ ငါ့မှာတော့၊ ငါခံစားရတာတွေကို ဖော်ပြဘို့၊ ဘုရား
ပေးပါရမီရှိတယ် ဆိုတဲ့ ကဗျာလေးတပိုဒ် ကိုသတိရနေခြင်းနဲ့ ကျနော်တို့ ဒီနေ့
ကိုရင်ဆိုင်ရဲခဲ့တယ်။
(၃) | |
လွန်ခဲ့တဲ့ ‘၁၀’ နှစ် ကဆိုရင် ကျနော်တို့ဟာ ခလေးသာသာတွေပေါ့။ အဲ
သလိုနဲ့ ၁ဝနှစ်ကို ဖြတ်သန်းခဲ့ကြတော့ ကျနော်တို့ရှေ့က လူများရဲ အတွေ့အကြုံနဲ့
မယဉ်ပါးခဲ့ရဘဲ၊ သူတို့မခံစားဘူးတဲ့နေ့ရက်တွေနဲ့ ခါးခါးသီးသီး ထိတွေ့ခဲ့ရတယ်။
နုပျိုတဲ့ရင်ခုန်သံတွေဟာ အဆိပ်သင့်လို့ဘဲ စကားသံ တွေဟာ ကြမ်းတမ်းနေ
တယ်။ ချစ်သူနဲ့ဆုံတဲ့အခါတောင် ဥပက္ခာစိတ်နဲ့ တဝက်ပဲ ချစ်ရတယ် ဆိုသလို ပါ
ဘဲ။ ပတ်ဝန်းကျင်မှာ "လူ့ဆက်ဆံရေး” တွေဟာလဲဘဲ ကြောက်မက်ဖွယ် ရှုပ်ထွေး
နက်ရှိုင်းစွာ ကွေ့ကောက်နေတော့တယ်..။ ဒီလိုဆိုတော့ ကျနော်တို့ နှလုံးသား၊
ခင်ဗျားတို့ နှလုံးသား၊ သူတို့နှလုံးသားများရဲ့ ခေါ်ထူးပဲ့တင်မှု မပြုနိုင်တော့ဘူး
လား။ အတွင်းသားကိုရော မစူးစမ်းနိုင်တော့ဘူးလား။ မဟုတ်ပါရစေနဲ့၊ မဖြစ်ပါရ
စေနဲ့။ မိမိဘဝနဲ့ မိမိအတိုင်းအတာနဲ့ မိမိအသံနဲ့၊အားလုံးဟာ ဆောင်ရွက်ခဲ့ပါ
တယ်။
အခု "၇၄ အရိပ်တို့လည်း ရှည်မျောခဲ့ပါပြီ.။ ဘဝတွေလဲပွန်းပဲ့ခဲ့ပါပြီ။ အသံ
တွေလဲ နာခဲ့ပါပြီ။ ကျနော်တို့ ကောင်းကင်မှာဘယ်လို ကောင်းကင်ကြီး ရှိပါသလဲ။
ဘယ်လို ကောင်းကင်ကြီးရှိပါသလဲ။
ကျနော်တို့ ခေါင်းပေါ်မှာ ဘယ်လို ကောင်းကင်ကြီးရှိပါသလဲ။ ဘဝဆို
တာတိုတောင်းတယ် လို့ သိရှိပြီး တဲ့နောက်။ ဒီကောင်းကင်ကြီး အောက်မှာ
ဆက်လက်လမ်းလျှောက်ဖို့ ‘ခရီး’အတွက် ဖိနပ် ကို ရွေးချယ်ပြီး ဖြစ်ရပါတော့
မယ်။ မိမိခရီးနဲ့ မိမိဖိနပ်အတွက်၊ လူ့သက်တမ်း တဝက်လောက် ကျနော်တို့ဟာ
ရှာဖွေ ခဲ့ပြီးပြီ မဟုတ်ပါလား။ | |
ဒီကောင်းကင်ကြီး
အောက်မှာ
ကျနော်တို့
ကဗျာတွေရေးတယ်။
ကဗျာဆရာအဖြစ် မိမိကိုယ်ကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
(၄)
လူတိုင်းဟာ မိမိ "အလုပ် ကိုလေးမြတ် သင့်ပါတယ်။ကျနော်တို့ မိမိအလုပ်
ကို လေးမြတ်ဖို့အတွက် အသက်ရှူနေပါတယ်။အချို့ကိုလည်း ထားခဲ့ ပါတယ်။
တချို့ကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။ တချို့ကိုတော့ လေးစားပါတယ်။
(၅)
တချို့ကိုလည်း ကျေးဇူးများစွာတင်ပါတယ်။ အခုမှစရမဲ့ကျနော်တို့ အတွက်
ပြန်ကြည့်စရာ
ကားချပ်များ
လိုအပ်ပါတယ်။သေဆုံးမှုအဖန်ဖန်၊
မွေးဖွားမှု
အဖန်ဖန်မှာ၊ ကျနော်တို့ရဲ့ အခုတခါ မွေးဖွားမှုဟာ ဤကမ္ဘာထဲသို့ မိမဲ၊ ဖမဲ့
အလိုအလျောက် ရောက်ရှိလာတယ်လို့ မတွေးထင်သင့်ပါ။
ကျနော်တို့ခရီးမှာ အခုထက်တိုင် စိမ်းစို့နေတဲ့ ကားချပ်ကတော့ "စာပေသစ်
ပါပဲ။ “၇၀ အလွန်မှာမှ တစစလှုပ်လွန် ပြီးအရွယ်နဲ့ မမျှအောင် ဆွဲချဖျက်ဆီးခံနေ
ရတဲ့ “ခေတ်ပေါ်ကဗျာ” ဟာ၊လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်က “ရွေးချယ်မှု” ရဲ့
“စွန့်စားခန်း” ကို စာနာနိုင်ပါတယ်။ “လောကအမွန်” “မတ်လတော်လှန်ရေး” နဲ့
တဟီတီသွားရအောင်” ရဲ့ ဆက်သွယ်မှုမှာ - ကျနော်တို့ ဝင်စားခဲ့ပါတယ်။
ကျေးဇူးများစွာတင်ပါတယ်။ | |
(၆)
ဗိုလ်ချုပ်လမ်း မုံ့တိုက်မှာဆုံကြတော့ - နှင်းထူထူထဲထဲ ကျနေရင် .. ကို ဆင်ခြင်
ရင်း ငြိမ်သက်စွာ ထိုင်နေမိကြတယ်။
“ခဏငယ် များ ဖြတ်သန်း သွားနေသံဟာ ကြေကွဲစရာကောင်းလှပါတယ်။ ဒါဖြင့်
ကျနော်တို့ ကဗျာကို ဖော်ပြချင်တယ်ဗျာ” တဲ့။ “ကျနော်တို့ကဗျာ” တဲ့။ ဘယ်လို
ကဗျာပါလဲ။
(၇)
ကျနော်တို့ ခံစားနေရတာတွေကို ကျနော်တို့အသံနဲ့ ဖော်ပြတာဟာ ကဗျာဖြစ်လိမ််
မယ် ထင်တာဘဲ။ ကျနော်တို့ကဗျာဆိုတာကနေ့ခေတ် လူငယ်သုံးဦးရဲ့ အသံဘဲ
ဖြစ်ပါတယ်။ ရှုပ်ထွေးနက်ရှိုင်း ကွေ့ကောက်သော ဖြတ်သန်းမှုကို ဖော်ပြထားတာ
ဘဲဖြစ်ပါတယ်။
ဖော်ပြထားတယ် ဆိုပေမဲ့ သရုပ်မှန်နည်း ဟုတ်ချင်မှဟုတ်ပါ လိမ့်မယ်။ သရုပ်မှန်
နည်း မှတဆင့် အာရုံတံခါးပေါက်အားလုံးက စိမ့်ဝင်လာတဲ့အိပ်မက်၊ လူ၊ ထုထည်၊
အရောင်၊ ရနံ့၊ စစ်၊ ငြိမ်းချမ်းရေး တို့ တိုးတက်မှုရဲ့ ဖြစ်ပေါ်မှု များပါဘဲ။ အိပ်မက်၊
အိပ်မက်နဲ့ဘဝ၊ ဘဝနဲ့မျှော်လင့်ချက်၊ အနာဂတ် စသဖြင့် ရုပ်ပုံများစီးမျောမှုပါဘဲ။
ဖက်ဆစ်ဆန့်ကျင်သူ” ပန်းချီဆရာကြီး “ပီကာဆို” ရဲ့ “ကျူဘစ် အမြင် ထောင့် | |
များ” ရဲ့ “ဂွာယာနိကား” ပါဘဲ။ဂုဏ်ရှိတဲ့ လူရွန်း ရဲ့ စိတ္တဇဒိုင်ယာရီ ပါဘဲ။ ပျိုနုဆဲ
ဒဂုန်တာရာ” ရဲ့ နှင်းခဲပန်းပါဘဲ။ | |
“ဤမှစ၍ ဤမှာဆုံး၏” ဆိုတဲ့ကဗျာကို ကျနော်တို့ မရေးတတ်လို့ "ဒုတိယ
ရောဂါ’ ကို ရယ်မောပြီးတဲ့အခါ 'ငါ့လိုထိတ်လန့်စရာကို မတွေ့ကြုံပါရစေနဲ့’ လို့
ကဗျာဆရာရဲ့ ရင်ခုန်သံကြားစေချင်ပါတယ်။
ကြီးကြယ်တဲ့
ဆိုင်းဘုတ်များဟာ
ကြည့်ရင်းကြည့်ရင်း
မှုံမွှားသွားပြီး
အားကောင်းတဲ့ အစက်ကလေးတစက်ရဲ့ အနုစိပ်ပီသမှုကြောင့် “အနူးညံ့ဆုံး
အချစ်ဦးရဲ့ပါးပြင်ဟာလဲ မဲလို့” လို့ပြောပြ ဖြစ်ပါတယ်။
ပါးစပ်မှ စကားတခွန်း ထွက်ပြီးတိုင်း၊ ရင်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ‘နာကျည်းမှု’
ဟာ 'မွဲကြန်အောက်သိုးသော အနံ့အသက်များ သူမ ထားရက်နိုင်ခဲ့ပါပြီ လို့ စီးဝင်
ပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ကဗျာများကို ရိုးသားစွာ ရေးသားခဲ့ပါတယ်။
ရင်ခုန်သံကို ဦးစားပေးခဲ့ပါတယ်။ ဒါပေမဲ့ကာ ကျနော်တို့ကဗျာတွေ အပေါ် ထစ်
ငေါ့ နိုင်ပါတယ်။ ဒီအတွက်တော့” “ခေတ်ပေါ်ကဗျာ”ရဲ့ စာဖတ်သူများ နဲ့
ကောင်းမွန်တဲ့အချိန် ကို ကျနော်တို့ အားကိုးပါရစေ။
(၈)
“တစိမ်းတရံစာ၏ အိမ်မှလှေကားသည် မတ်၏” ဆိုတဲ့စကားရှိပါတယ်။ စာဖတ်
သူများနဲ့ စာချစ်သူများကို ကျနော်တို့ရင်းနှီးချစ်ခင်ပါတယ်။ | |
(၉)
လူဟာ ကမ္ဘာထဲမှ နေထိုင်တဲ့အတွက် သူနေထိုင်တဲ့ကမ္ဘာကို နေထိုင်
ကောင်းအောင် ပြုလုပ်ဖို့ တာဝန်ရှိတယ် ဆိုတာကိုတော့၊ လိပ်ပြာလုံလုံ ယုံကြည်
ကြဘို့ လိုအပ်ပါတယ်။
(၁၀)
ကျနော်တို့ ပြောပြနိုင် သလောက်ကို ပြောပြခြင်းဘဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့
တင်ပြချက် များဟာ နွေဦးပေါက်ရာသီဥတု” “လူသားတို့၏ အချစ်” “လတ်ဆတ်
သောသစ်သီး” နဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ရဲ့ အရသာကို
မြီးစမ်းကြည့်ဘို့ “ကြောင်းလမ်းခြင်း” ကလွဲလို့ .. .. ..
ဒိပြင်ကိစ္စတော့ အထူးထွေမရှိပါ..။
လေးစားစွာဖြင့်
အောင်ချိမ့်၊ဖော်ဝေး၊မောင်ချောနွယ်
၁၁၊ ဂျူလိုင် ၉၇၄ ရန်ကုန်။ | |
အောင်ခြိမ့်
ကျနော်ရဲ့ခေတ္တကားချပ်
“ကာလနတ်ဆိုး
လက်ညိုးနဲ့တံထွေး
ကင်းဝေးသောကိုယ်
ဖြစ်ရပါလို၏”။
ဒီခပ်သောသော
ငါ့ရဲ့ရယ်မောသံမှာ
ဒဏ်ရာခြောက်ခြားဘွယ်
ငါ့ဘဝကွက်လပ် ငယ်များ
ဘယ်လောက်သေလွန်ပီးရပလဲ။
ငေးစိုက်မောလျ
အဲသလိုတွေးမိမျှဖြင့်
ဘဝဟာ | |
သုညသို့ကျဆင်း
တမြှင်းမြှင်းဆွေးခံစားရတယ်။
အလို၊ ရေးဘော်က
“ဘဝကိုခင်သူ” တဲ့
ပဲပင်တွန့်လက်ရေးလေး
ကျေးဇူးကြီးမားပေစွ။
ဟုတ်တယ်
ငါဘဝကိုခင်ရမယ်။
အရသာခါးသက်
ကြက်ဟင်းခါးဟင်း
စားရင်းစားရင်းချိုဘူးတယ်။
ဆယ်စုတစုမှာ
သူ့အထုပ္ပတ်
မတ်တပ်ရပ်နေဘို့
အနိမ့်ဆုံး
(သို့မဟုတ်) အမြင့်ဆုံး | |
လုံးပမ်းနေလေရဲ့လေ။
တခါတလေ
စွန်းပေသောအဖြစ်
ချစ်သောသူတွေခွင့်လွှတ်ကြပါ။
သူ့စိတ်ထဲကအကြံ
ဘာကိုအံတုဘို့ဆိုလား
ဖဲချပ်များဖောင်းပွမှုအောက်
နေ့နဲ့ညကောက်ယူ
ဇောခွေးပူဖြူခဲ့
ငွေစက္ကူကိုရချင်တာဘဲ။
အို .. အသံတို့
အဖန်တရာငရဲ
ဝဲကတော့စုန်ဆန်
အရွယ်၊ရင်ခုန်သံ
အာရုံရုပ်
မရုပ်သိမ်းနိုင်ကြောင်း
ပြန်ကြားတယ်။ | |
ကျန်းမာရေးချို့
ဆေးကုသခွင့်
မဆုံသင့်ခင်
အိပ်မက်တွင်အတိတ်ရေး
ထီလေးတစောင် ထိုးထားတယ်။
အချစ်ရေ
နေဝင်တော့မယ်ကွယ်..။
မျဉ်းကြားမှဖြတ်ကူး
အရက် မူးသူတယောက်
ကံကောင်းထောက် မပါစေ။
အလိုမတူဘဲ
သူမရဲ့
အပျိုစင်နောက်ဆုံးည
သင်္ချိုင်းဝကကွေ့ပြန်.. လော့ ..။
“လေလွင့် ငှက်များ” | |
စကားဆိုဘို့လာရောက်
နွေဦးပေါက်ပါတော့။
အောင်ချိမ့် | |
ခရီး
အိပ်မက်မရှိသူ
သီချင်းမဆိုတတ်သူ
ငါ မဟုတ်မူ၍။
ငါ့အသင်
ခြေဆေးပါ
ခေါင်းလျှော်ပါ
ရေချိုးပါ
လာလေ. ဒို့သွားကြရအောင်။
ဝိညဉ်မဲ့ခေတ်များနဲ့
၂၄နာရီတို့ထံမှ
ကံကြမ္မာအရရွေးနှုတ်
ရေဒီယိုခလုတ်ကိုနှိပ်
သတင်းစာကိုလည်းပိတ်ခဲ့ပါ။
အစက်တစက်မှ | |
အခြားအစက်တစက်သို့
ဆက်သွယ်ပြီးမျဉ်းဖြောင့်တကြောင်း
ညောင်းညာနေရောပေါ့။
နှစ်ပေါင်းအသောင်းအထောင်
သိပ်သည်းစွာမှောင်ခဲ့
အရောင်၊ ရနံ့
ရသ၊ လူ့အခွင့်အရေး
မြင့်မြတ်သောကလေးငယ်
ချိုနွေးသောမိခင်နို့
တို့ထိတီးခတ် လိုက်သောအခါ
လက်မှတ်ထိုးထားသောစာရွက်
မိုးချုန်းပျက်သံ ကြားရတယ်။
အတွေ့အကြုံနုနယ်စဉ်
မျက်ရည်ဆိုသောအသင်
လူမသိခင်ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တယောက်အမူအကျင့်နဲ့။ | |
လမ်းတူသူချင်းသာ
ဒဏ်ရာကိုဆေးကု
သွေးတိတ်အောင်ပြုစုလို့
ဒို့နောက်ကလူတွေ့လဲသတိရနေမယ်။
“ကြောက်ကြဟေ့၊ကြောက်ကြ”
ဒီနေ့ကိုသူတို့ပိုင်သ သတဲ့
အို ထမင်းစားခဲ့
အို အသက်ရှူခဲ့သူများသို့
ဆိုက်ဗေးရီးယားရောက်
သစ္စာတရားဟာ
ကျန်းမာလျက်ရှိကြောင်းသတင်းရတယ်။
အိမ်ရယ်
အိပ်ယာရယ်
သံယောဇဉ်များရယ်
ချစ်သောသူရယ်
ပူပင်ပေမယ့်ခနခွဲခဲ့ရ
ပြန်ဆုံကြတော့ပိုလို့နွေးမယ်။ | |
,
ခြေထောက်များရဲ့အောက်
သမန်းညက်လောက်အောင်
ဆက်လျှောက်ကြ
လျှောက်ကြ
လျှပ်တခါပြက်
မျက်တောင်တခါခတ်တိုင်းအံ့ဘွယ်ပ
ဝါကျ၊ ပုဒ်မ
စကားလုံး၊ သွေးနံ့
အဖြူသန့်စပွဲခင်း
ဟင်းခွက်ပေါင်းငါးရာ
မုသာဝါဒနဲ့
ဘာသာဗေဒတခုလေ
ကမ်းနားရေစပ်မှာထိုင်နေရဲ့။
“အလို”
ကိုင်းပင်ကဗျိုင်းတောင်
တောင်ပံလန့်ပျံပြေးသွားတယ်။ | |
အို. လူ့သမိုင်း
စောင့်ဆိုင်းမှုသမာဓိ
ပြည့်ဝမြဲပြည့်ဝတော်မူပါအရှင်။
ဟိမဝန္တာ
ဂန္ထဝင်မြောက်တောအုပ်
လမ်းရှုပ်သည်ဖြစ်စေ
ရှင်းသည်ဖြစ်စေ
ရွှေပြည်တော်ကြီးနီးပါပြီ။
လူ့ဘဝကား
အိပ်မက်မျှသာဖြစ်၏
သစ်ပင်ပျိုပင်စည်၌
ထိုစာပိုဒ်အားတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။ ။
အောင်ချိမ့် | |
သိနားလည်သူတို့၏ကစားနည်း
ဘဝဆိုးအကြောင်း
တိုးတိုး .. တိုးတိုး ..
ရိုးရိုးလေးနားထဲဝင်လာရဲ့။
“သိပါရစေကွယ်”ပေါ့လေ
ကယ်တင်ရှင်လေသံနဲ့
ငါ့ ရဲ့စပ်စုမှုကြောင့်ပေါ့။
ပြီးတော့
တခြားလူတွေလိုပါဘဲ
အိပ်လိုက်တာပါဘဲ။
“အဝင်းဆိုတဲ့ဖာသည်မလေးကို
အဲသလိုစော်ကားမိပါတယ်။ ။
အောင်ချိမ့်
ရင်ခုန်သံ (၄၉) .. မှ | |
အဂ္ဂါအယ်လင်ပိုး၏ "၇၄”၀တ္ထု
“သင်၏ နာရီသည်လည်း
စေ့ရောက် လိမ့်မည်။
တိတ်ဆိတ်ခြောက်ခြားဘွယ်
နေကွယ်ဒေါင့်များနေရာ
သမ္မာကျမ်းစာပေါ်က
လင်းနို့တို့ အော်ဟစ်သံ
နံရံကိုထိစင်ပြန်လာရဲ့။
အတိုင်းအတာတခုအထိ
မသိစိတ်သိစိတ်အမြုံ
ယာယီရင်မခုန်တဲ့နှလုံးသား
ပိန်ချုံးခြောက်ကပ်စွာ
ကပ်သုံးပါးမှာမျောနေတယ်။
.. .. .. “ရှူး”
မလုပ်နဲ့၊မလုပ်နဲ့ | |
နှုတ်ဆိတ်နေလိုက်စမ်းတော့
သူ့လမ်းသူသွားရမှာပါ
မကြာခင်သူသေတော့မှာပါ
အမင်္ဂလာသတင်းဆိုး
အေးစက်တိုးသက်လို့။
“ဆုတောင်းပတ္ထနာပြုပါတယ်”
တယ်လီဖုန်းထဲကတစ္ဆေ
“ဆရာဖေ” ရဲ့တေးထပ်
မဖတ်ဖူးဘူးထင်သလား။
ပန်းချီဆရာရဲ့လက်ဟာ
ဖွဲ့စည်းဆဲပန်းချီကားချပ်
အဆုံးသပ်စုတ်ချက်ကို
အလိုအလျောက်သိနိုင်စွမ်းတယ်။
ညစာစားပွဲမှ
ဂီတနဲ့အချိုပွဲ တော်များအတွက်
ကြေကွဲရက်စက်မှုသူစိမ်း | |
ချစ်သူနဲ့ချိန်းထားသလိုရောက်ရှိလာမယ်။
နောက်ကျနေပါဘီ
နောက်ကျနေပါဘီ။
သင့်ကိုးကွယ်မှု
မြို့လယ်နာရီရဲ့ဒိုင်ခွက်
ပုရွက်ဆိတ်တွေတက်လို့ပေါ့။
မဖြစ်နိုင်တာနဲ့
မဖြစ်သေးတာကိုတွေးခေါ်
၁၀ပြားတန်ပေါင်ချိန်စက်ပေါ်ကအဆင်း
“အရင်းကြီးကြီးမြုတ်နှံပါ " ဆိုတာရယ်
အနှုတ်လက္ခဏာ ၉၉ ပေါင်ရယ်
အန်ကျ လာတော့တယ်။ ။
အောင်ချိမ့်
ရေချိုးပြီးစ | |
ပြီးရင်
ခန်းစီးနားကွယ်လို့
ငယ်ရွယ်သူတို့ဘာဝ
ရင်ခုန်သံလွလွလေးကို
မျှော်မယ်။
“ကြည့်စမ်းကွယ်
သူဒီနေ့
မနေ့ ကထက်လှနေတယ်”
ဖြတ်သွားသူတွေပြောလိမ့်မယ်။
အရောင်အသွေး
အမွေးအထုံ
အလှဗေဒနဲ့မှုံသ
မှန်ခုံကသူထလိုက်ပါပြီ။
ဟုတ်တယ်
ရေချိုးပြီးတယ်ဆိုရင်
ဘယ်လိုဘဲဖြစ်ဖြစ် | |
ဒါ .. ဖြစ်သင့်တယ်။
နုပျိုဆဲမှာ
အသက်သွေးပူနွေးဆဲမှာ
ရင်ခုန်သံသန်မာဆဲမှာ
ဒါဖြစ်သင့်တယ်။
ကျန်းမာရေးကောင်းသူတွေ
ရေချိုးကြပါတယ်။
တခါရေချိုးပြီးစ
တခါလှပါတယ်
ဘယ်နှစ်ခါချိုးချိုး
ရိုးသွားမယ့်အလုပ်
ဘယ်ဟုတ်လိမ့်မလဲ။
သူတော်စင်တို့စကားတော့
နားမယောင်ကြလေနဲ့
နွေမှာ မိုးမှာ | |
ဆောင်းမှာ
ရေချိုးကြပါလေ။
တကယ်တော့သိလား
အမာရွတ်မျက်နှာသနပ်ခါးလိမ်းလို့ကော
နာတာရှည်ရောဂါသည်ရေမွှေးဆွတ်
မုဆိုးမကမူပြပစေ
အသေကောင်ရေချိုးရင်လဲ
အပိုပါဘဲ။
ရိုးသားမှုနဲ့
တတ်စွမ်းနိုင်တာပြုလုပ်
ကျွန်ုပ်တို့ရေချိုးကြရအောင်။ ။
အောင်ချိမ့်
လေလွင့်ငှက်ခြေရာ | |
ခေတ်နဲ့တူရဲ့
ဟိုး .. လိုင်းဖြူဖြူတို့အပေါ်မှာ
မကြာခင်ကျော်လာခဲ့မယ်တဲ့
သွားနှင့်တဲ့။
မိစ္ဆာဒိဠိ
အယူရှိသူ
ရာစုတခုလုံး
အနုမြူဖုံးဖောက်ခွဲခဲ့ရာ။
နောက်ဆုံးပတ်
“ကံဆိုးမ”ရထား
ထွက်ခွာသွားရာနောက်အပြေး
ဗီဇကမ္မဇတိုက်ဆိုင်တာလေးနဲ့
သူမွေးဖွားခဲ့ပြန်ပါရော။
“ရေတပေါက်လောက်
သောက်ချင်လိုက်တာ”
မျက်နှာတိုင်းတပ်ဆင်ထားကြ | |
လက်နက်ချလိုက်
ဘဝကိုမဖြုန်းတီးပစ်နိုင်ပါ။
“အမေကစိုးရိမ်တတ်တယ်”
ပိန်လိုက်တာနော်
ည ည အိပ်မပျော်ဘူးအမေ
တံခါးခေါက်သံကြားကြားနေရတယ်
သေသူလား .. . ရှင်သူတွေ့လားဟင်။
သိင်္ဂါရ ရသ
တောက်ပစမ်းပါဘိ
မသိနားမလည်မှုအပေါင်းအား
သမားကောင်းထံအပ်နှံရဲ့။
ဤလောကမှ
ချင်းချက်မဲ့ “မနေ့” နှင့်
တိုတောင်းသော “ယနေ့” ဟူ၍
သူလက်ခံရရှိခဲ့ပါသည်။ | |
ဤလောကမှ
ရှည်လျားသော မနက်ဖြန်” ၌
မွဲကြန်အောက်သိုးသောအနံ့ အသက်များ
သူမထားရက်နိုင် ခဲ့ပါပြီ။
အောင်ချိမ့်
ဖော်ဝေး
မီးလောင်ပြင်
အလောင်းအမှတ် သုည
တယောက်ပြာကျသွားပြန်ပီ။
တနင်္ဂနွေများမှစနေများ
ကိန်းဂဏန်းများရူးသွပ်မှု
မကုသချင်ကြပါနဲ့။
ကျောက်တုံးအက်မှ | |
ရေအေးအေးတစက်သည်
အသက်ဆီများဝေ့နေရဲ့။
လိုက်ခဲ့ကြ.. လိုက်ခဲ့ကြ
ဟို .ချောက်ကမ္ဘားအောက်မှာ
အံဖွယ်ပ နတ်တိုင်းပြည်
ဆီဥထောပတ်ပဒေသာတဲ့
ပါးကွက်သားရဲ့ပျက်လုံး
ပြုံးဖြစ်အောင်ပြုံးပါ။
သင်ဖြူးဖျာတချပ်
ယပ်တောင်တခုနဲ့
ခုခံကြသူတွေ
နယ်မြေမရှိ။
လွင်ထီးခေါင်မှာ
လက်သီးလက်မောင်းတန်း
ဒေါသနဲ့ကန်းနေသူ
ဘယ်သူဘယ်ဝါမခွဲတတ် | |
ဖတ်မနေတော့ပါ။
အို. သူလား
ပြုတ်ကျသွားသောသူ့ဘယ်လက်
ညာလက်နှင့် ကိုင်ကာ
မြိန်ရေရှက်ရေကိုက်စား
ရူးသွပ်သွားပြီဘဲ
မျက်နှာလွဲလိုက်တော့။
ရေ .. ရေ ..
သူမသေသေး
ငါ့သွေးကိုသောက်ပါ့။
ညော်နံ
ပြာဖြူ
အောင့်မထားနဲ့
ရဲရဲရှူကြ။ | |
ကမ္ဘာမြေကြီးသည် လဲ
နီရဲနေပေပြီ။ | |
အိပ်မက်လမ်းခွဲမှာ
ငါ့ကဗျာများကြဲဖြန့်
ပံ့သကူအကြွေစ
ကလေးများပျော်ကြပါစေ။
ယမ်းနံ့
မျက်ရည်
သွေး
ဇွန်လမွေးကလေးတယောက်
ငါ့ကျောပေါ်ကလျှောက်သွားပါ။
ဘယ်သူလဲ
ဘယ်သူတွေလဲဟင်
အသက်ရှင်နေသေးသူများ
သွားစို့။ ။
ဖော်ဝေး | |
အရိပ်များ
ကီလီဈေးတန်း
ဆန်လမ်းမမှာ
ကဗျာတပုဒ်
ကြွက်တအုပ်ဝင်ဆွဲ
ပြန့်ကျဲ တိတ်ဆိတ်
မျက်နှာရိပ်ဘသာစကား
တွားသွားနေရဲ့။
ရန်ကုန်မန္တလေးရထား
ခရီးသွားတွေ
တော်လှန်ရေးနေ့ညကိုဖြတ်ခိုက်
ဂျပန်ပါးရိုက်သတဲ့
လွတ်လပ်တဲ့ဗမာပြည်အကြောင်း
စကားကောင်း သွားကြတယ်။
လူငယ်ရေးရာညကျောင်း
ခေါင်းလောင်းထိုးသံသာ | |
အလုပ်သမားရှာဖွေရေးရုံး
တဝုံးဝုံးလှုပ်ရမ်း
ပန်းဆိုးတန်းထိပ်
မအိပ်တဲ့နာရီစင်ထဲ
စီးဝင်ပျောက်သွား
၁၂-နာရီထိုးသံကြားလိုက်ရတယ်။
အဲဒါ “နေ”
အဲဒါ “နေ” တဲ့
ရှေ့နေကြီးတယောက်
ခြိမ်းခြောက်လိုက်တာ
ည လသာသာထဲ
ရေဆွဲနေကျ
ဥက္ကလာကမိန်းမများ
တဟားဟားရယ်။ ။
ဖော်ဝေး | |
နှလုံးသားမျက်နှာ
စိမ်းညို့တောရိပ်
တိတ်ဆိတ်ခြင်းရဲ့ညီးတွားသံ
နက်မှောင်ရှည်လျား
အေးစက်ခြေလှမ်းများရှပ်ရှပ်
ရွာ၏ပန်းချီကားတချပ်ပြပွဲမှာ။
ရေနံမြေသပိတ်
အတိတ်ကို လွမ်းစရာ
မဟာရန်ကုန်လမ်းမများ
ခြေသံကြားမလားနားစွင့်တယ်။
ချွေးစီးမွန်းနစ်
အိပ်မဖြစ်တဲ့ည
ဖျက်ဆီးပစ်ဖို့
လူဖြစ်ခဲ့ရတယ်ဆိုတဲ့ “ဂေါ်ကီ”
ငါ့ဆီဖိတ်ခဲ့မိတာကို။ | |
သမတရုံ လှေကား
မှန်ချပ်များခြောက်လှန့်ပြ
ငါ့ကိုငါရှောင်ခဲ့ရဘူးတယ်။
နက်ဖြန်မနက်မှ
စပါယ်ဖြူတကုံးသီ
ချစ်သူဆီအရောက်သွား
ခွင့်လွှတ်ဖို့စကားဆိုမယ်။ ။
ဖော်ဝေး | |
၃ကြိမ်မြောက်လက်ခမောင်းခတ်ခြင်း
(၁)
အနက်ရောင်တစ
မြက်ခင်းပေါ်ကျလာတယ်။
ဆည်းဆာဟာ
ညရဲ့ အကျဉ်းသား
ဝပ်တွားသွားရှာပေါ့။
အမဲရောင်
အနက်ရောင်
အမှိုင်းရောင်
ကောင်မလေးများ
ငါ့ နှလုံးသားအသုဘ
ရယ်သံနဲ့ပိုလိုက်ကြရဲ့။
လှံစွပ်ဖျားမှာ
နားလာတဲ့ပုဇင်း | |
ကိုယ်ချင်းစာမိရဲ့
ပြေးမလွတ်ခဲ့ပါ။
ဇာတ်စင်ပေါ်မှာ
“တောင်စွယ်နေကွယ်ရင်
သုဿန်ထုတ်
ဒါးခုတ်သတ်စေ”တဲ့
ပရိယာယ်ချို့ငဲ့လိုက်တာ။
တချက်ရိုက်
ခေါင်းဝိုက်စိုက်ချ
နှစ်ချက်ရိုက်
ခေါင်းပြန်မတ်ထူ
အို .. လူတွေမနဲပါလား
မြေကျသွားတဲ့ငါ့သွေးမှာ
မျက်ရည်ဘာကြောင့်ရောသလဲ
ဝမ်းမနဲချင်ဘူး။
“ဗျို့မိတ်ဆွေ | |
ဘယ်လိုလဲ” တဲ့
တမေးထဲမေးနေကြ
ခဏငယ်တခုမဆုံးခင်
လူလုံးမပြချင်သေးပါ ။
မျက်စိကိုမှိတ်
နားကိုပိတ်ထား
နှလုံးသားမီးတောက်ထဲမှာ
“ငါ” အစစ်လမ်းလျှောက်
တက်ခေါက်သံကြားပါ စ။
လူရွန်းရဲ့စိတ္တဇနိုင်ယာရီဟာ
ဘာ့ကြောင့်ရင်မှာငြိပါ ပါလိမ့်။
လူမမာရဲ့အိပ်ကပ်ထဲက
ထမင်းတနပ်စာတောင်
“မှောင် လို့။
အနူးညံ ဆုံး | |
အချစ်ဦးရဲ့ပါးပြင်ဟာလဲ
မဲ့ လို့။
ဟဲ့. အကန်း
လမ်းကဒီမှာ” တဲ့
ဟ
ကျောစပ်သွားပါသည်။
'ဆီကိုရေချိုး
ဆေးရိုးမီးလှုံ
စပါးတောင်လို ပုံ”
ဆေးလိပ်ခုံကမိန်းကလေး
ဝိုချင်းတေးလဲချိုပါ ရဲ့။
အနှစ် ၆၀၀၀ကျော်
ပခုံးပေါ် ထမ်းပိုးလာတဲ့
ရာဇဝင်အဖိုးအိုက
ဟဟလေးရယ်နေတယ်။ | |
(၂)
လ္ဘက်ရည်တခွက်ရဲ့
ပြား ၅ဝက
အချိန်ကာလ စပွဲပေါ်မှာ
ထယ်ဝါနေပါပေါ့ လား။ | |
အေးစက်တဲ့
လ္ဘက်ရည်ခွက်ထဲမှာ
ည.. လာမင်းမူပြန်ပေါ့။
ခရမ်းရောင်
ကောင်မလေးရဲ့အလှ
လ္ဘက်ရည်ကျကျတခွက်ထဲ
ပျော်ဝင်သွားတယ်။
မလာနဲ့ ကွယ်
တခစ်ခစ်နဲ့
ချစ်စရာရယ်မောသံ မှာ
ငါဖျားခဲ့ဘူးတယ်။
မျက်နက်ဝန်းမှ
စွဲမက်ဖွယ်အရုဏ်ဦး
ငါကြည်နူးခဲ့ဘူးတယ်။
“ချောင်းအစပ်မှာ | |
ပွင့်ဖတ်များစွာ
မျောပါလာကြ”
အိပ်မက်လှလှလေး
ညရဲ့တေးကိုသီကြူးနေ။
ဆေးလိပ်တတို ရဲ့
နုပျိုခဲ့အတိတ်မှာ
လွမ်းစရာအိပ်မက်အဖြစ်
ချစ်သူ့နွတ်ခမ်းကိုနမ်းခဲ့ကြောင်း
ပြောပြနိုင်ကောင်းပါတယ်။
ရဲရင့်တဲ့အချစ်
ဆုံးရှုံးနစ်နာခြင်းများနေရာ
ရင်မှာကိန်းဝပ်
အို. ကျွတ်လွတ်သောနှင်းဆီ
အရုဏ်မလာမီပွင့်စမ်းပ။
(၃) | |
အချိန်နတ်ဘုရား
အသွားမြန်လှ
နွေဆယ်ညနှင့်အိပ်ရာထမျက်နှာ
မကြည်သာလှပေဘူး။
အံကြိတ်လိုက်တဲ့
ငါ တယောက်ထဲရဲ့
မိုးချုန်းသံမှာ
ကဗျာမှထွက်မလာရင်
အသက်ရှင်ခြင်းတရားကို
ငါသတ်မိလိမ့်မယ်။
ပြည်သူကြားမှ
ခံစားမှုများ
ပြားပြားဝပ်မှောက်
စာအုပ်စင်အောက်ရောက်ခဲ့ရဲ့
ရှက်တယ်။
ငါ့နှုတ်ဖျားမှာ | |
တရားထူထောင်
ကဗျာကလှောင်လိမ့်မယ်။
၂၀ရာစုမျက်ဝန်းနဲ့
အနန္တသူရိယ ကိုမုန်းသူတွေ
ငါပြုံးကြည့်နေမိတယ်။
စကားထဲထိုင်
သတ္တိပြိုင်ရင်း
ကွင်းမှားဆင်းကြ
“အလင်း လာမှသိတော့မယ်။
ခရေကို
မကြွေခင်
မပန်ဆင်ကြပါဘူး။
(၄)
အနာဂတ်ရဲ့
ရာဇဝင်သုတေသန | |
ဗိမ္မာန်မှာ
သက်သေခံအဖြစ်
နှစ်တွေလတွေနေရစ်ပါစေ။ ။
ဖော်ဝေး | |
အမည်မဲ့နေ့ရက်များ
နေအရုဏ်ကား
သံပတ်မကုန်နိုင်သေးချေ။
သမရိုးကျဝါကျ
ပွဲနေပွဲထိုင်မိန့်ခွန်း
ရာသီဖွဲ့ကဗျာ
တနေ့တာလုံးညီးတွားနေတယ်။
ဆေးလိပ်တိုကို
သုံးလေးဖွာရှိက်
နှပ်ထားလိုက်ဦးမယ်။
ရေညိုတက်သစ်ကိုင်းပေါ်မှာ
စာဝါလေးအဖော်ပျောက်
ဒေါင်းတောက်နေသလားကွယ်။
ကလေးငါးယောက်အမေ | |
ရေခပ်နေတဲ့ မိန်းမ
အလှသားနော်။
လ္ဘက်ရည်ကြွေးတွေကြောင့်
ကဗျာစာအုပ်ကလေးပေါင် ချင်တယ်။
“ရှော့လိုက်ပလား”
“တကျပ်လောက်”
ဟိုဘက်ခုံမှာ
သင်္ဘောမှောက်ကုန်ပါပြီ။
ကပ်ရက်စာအုပ်ဆိုင်မှာ
တခါမှမဖတ်ဘူးသေးတဲ့
(ဖတ်လဲမဖတ်နိုင်တဲ့)
မာ့က်စ်ရဲ့အရင်းကျမ်းစာအုပ်
ခေါင်းကုတ်ငုံ့နေရရှာတယ် ။
ထိုင်ခုံကြားက ဂျပိုးတသိုက် | |
ကိုက်လိုက်တာလဲလွန်ရောလေ။
ဟိုခတ်လှမ်းလှမ်းက
မီးရထားဥသြ
အမောသံစွက်နေရဲ့။
နေရပ်ပြန်သူတို့
လမးခုလပကျနသူတို့
နေမင်းရဲ့သက်ပြင်းကိုသောက်
မောနေလောက်ပြီ။
ရွှေယုံနဲ့ရွှေကျား
သက်ကယ်ရိတ်သွားသတဲ့
ရေဒီယိုစကားသံ
နားထဲပြန်ဝင်လာတယ်။
ရွာကိုပြန်ခဲ့ပါလား
အလကား ဒုက္ခခံချင်တယ်
ဂရုဏာရှင်သူငယ်ချင်းမ | |
မေ့လိုက်ရပြန်ဦးမယ်။
လမ်းမပေါ်မှာ
ဖွာရရာကြံပြန့်သွား
အစိမ်းစက်များလှုပ်လာတယ်။
ခြေသံရှပ်ရှပ်
ညနေခင်းဖြတ်သွားပြန်
နံကျန်ကျန်ဆည်းဆာရိပ်
လောကတိတ်တဆိတ်လောင်ကျွမ်းနေပေါ့။ ။
ဖော်ဝေး
မိမိကိုယ်ကိုရှာဖွေတွေ့ရှိခြင်း
(၁)
ပုလင်းအလွတ်နှစ်လုံး
စားပွဲဘေးမှာတုံးလုံးလဲနေတယ်။ | |
လာလာလေ သူငယ်ချင်းတို့
ဟင်းလင်းစကြာဝဠာကြီးထဲမှာ
တွယ်တာစရာဘာမှမရှိ
ဘယ်သူသိသလဲ မနက်ဖြန်။
အမှောင်ဆိုတာမရှိ
အလင်းဆိုတာမရှိ။
အစမရှိ
အဆုံးမရှိ
မသိ
မသိ
မသိ။
(၂)
တောင်ကုန်းဂမူ
ထုံးဖြူဖြူသာသုတ်လိုက်ပါ့ | |
ငါရှိခိုးလိုက်ပရစေ။
နွားရိုင်းသွင်းချိန်
အိမ်ပြန်ရမဲ့ခြေလမ်း
တောလမ်းထောင်ချောက်တခု၌
လမိုက်သွားချိန်ရောက်ခဲ့တယ်။
စလေအညာက
ပုလွေဆရာရဲ့ဖျားယောင်းသံ
ကျောက်နရံဂူဝထက်
ငါ့ခြေရာဖျက်မရပါ။
ကျောက်ခေတ်မှအနုမြူ
လူ့သမိုင်းကြောင်းအထပ်ထပ်
ငါကန့်လန့်ဖြတ်ကူးခဲ့ပေါ့။
ငါ
(သို့မဟုတ်)နောက်တယောက်ငါ
ဖျားနာရင်း | |
အိုမင်းလာခဲ့ပြီ။
(၃)
နေပူကြဲတဲမှာ
ငါတယောက်ထဲရပ်နေတယ်။
လောကအား
လက်ဝါးပေါ်တင်
ဖြစ်ညစ်လိုက်ချင်တယ်။
ဝါးရုံတောမှ
ဥသသံ မွဲခြောက်ခြောက်
ငါ့နားကိုဖောက်ပစ်လိုက်ချင်ရဲ့။
ဗိုလ်ချုပ်ဈေးရှေ့
ကောင်မလေးရဲ့ဘရာဇီယာမှာ
ငါ့ဆဲသံပါ သွားတယ်။ | |
လမ်းဘေးစင်ပေါ်က
လျှပ်စစ်ဂီတာထဲ
ငါဆဲထဲ့လိုက်တယ်။
နဝေတိန်တောင်
မျက်မှောင်ကုတ်ကုတ်
ကျွန်ုပ်ကိုသင် ..
မြင်ရင် မှတ်မိနိုင်စွမ်းမရှိပါ။
(၄)
ကြေးမောင်းတချက် အခေါက်မှာ
ရွာရိုးတလျှောက်ခွေးအူသံ
ဆူညံဖုံးလွှမ်းသွားပါတယ်။
ရေနံဆီမီးခွက်မှိတ်တုတ်
စာအုပ်ပုံအထပ်ထပ်ကြား
၏ဝိညဉ်ဖြတ်သွားချန်
လမင်းမှိန်ဖျော့ပေးရတယ်။ | |
မှတ်စုစာအုပ်ထဲမှာ
ကမ္ဘာကြီးခွဲစိတ်
အိပ်မက်ထဲကတော်လှန်ရေးသမား
သင်သတိပြုမိခဲ့သလော။
အရိုက်ခံရသောအခါ
သည်းထန်စွာငိုကြွေး
အကြွေးဆပ်ရမယ်
သွေးတစက်အတွက်သွေးတစက်
အသက်အတွက်အသက်
တက်ခေါက်သံထွက်လာတယ်
ကြာပြီ။
ကြာပါပြီ။
(၅)
ဆွေးမြေ့ အိမ်အို
ရေမယိုစေရ
လှပတဲ့ဟာသပေကပဲ။ | |
သွေးခြေဥ
နုနုဖွေးဖွေး
ခြေဖျားလေးရဲ့ အောက်မှာ
ယရဟရ
ငါဒူးထောက်ခစားလိုက်တယ်။
အိမ်များလမ်းများ
မြို့ရွာများ၊တိုင်းပြည်များ
ငါ့နှလုံးသားပေါက်ကွဲသံ။
ထိမှန်ခံစားကြစေလော့။
ခန္ဓာကိုယ်ကိုအပိုင်းပိုင်းချိုး
ရှေ့တိုးပေးအပ်လိုက်ပါရဲ့။
ဘဝကိုယူမလား
အနာဂတ်ကိုယူမလား
ငန်းတော်ကြားမလေးရှေ့တွင်
“ယုံကြည်ချက်” ပင်ကြောက်ဒူးဆတ် | |
ငါအားလုံးကိုသတ်ခဲ့တယ်။
ရွှေနန်းတော်ဆီမှ
ရီမောသံများအံကျလာ
ပါတော်မူရှေ့ပိုင်းရာဇဝင်
အသင်မှတ်မိသေးပါစ။
လမ်းနှစ်ခွဆုံ၌
ခေါင်းဝိုက်စိုက်ငြိမ်သက်
မျက်ရည်စက်လက်နှင့်ငါ
လာလေကြည့်လည့်
ငါမဟုတ်ဘူးငြင်းချင်ပြီ။
(၆)
အစာဝကာမှ
ဌာနပြန်ချင်ပြီကွဲ့
တောသံကိုပေးသတဲ့လေ။ | |
နှစ်အတန်ကြာ
ငါမေ့လျော့နေခဲ့သည့်
မိမိ၏ ဝိညဉ်သဏ္ဌန်များ
မိုးနံရံကားယားခွ
ခြောက်လန့်ပြနေကြပြီ။
ဆေးစက်ကျရာ
ငါများစွာမွေးဖွား
ကျားခံတွင်းထဲကသမင်
ဘယ်သူမှအသက်မရှင်ပါ။
သည်နယ်မြေကား
စီးတား ထားကြသည်။
နေဝင်ချိန်
တိမ်အဆင်အရင့်အနုနှင့်
ငါခေတ်ကိုထုဆစ်မည်။
မမြင်စမ်းတန်း | |
လမ်းကျဉ်း၌ကား
ခလုပ်တိုက်သံကြားပေမယ်။
မိတ်ဆွေတို့
မဟာဂေါ်ကီရဲ့
ဒန်ကာနှလုံးသားဟာ
ရှုတ်ချသံကြားမှာဖွားမြင်တယ်။
အုတ်ဂူဖြူဖြူမှ
သောကနှင့် ရင်မ နေသော
အို .. အမေ
ကျနော်ရင်ထဲမှာ
ကောင်းကင်ပြာ
ကမ္ဘာကြီး
အနုပညာပစ္စည်းတွေနဲ့
ပြီးပြည့်စုံခဲ့ပါပြီ။ ။
ဖော်ဝေး | |
မောင်ချောနွယ်
ရေခဲပန်းနု
ခလုပ်ကလေးနှိပ်လိုက်ရင်
တိပ်ကြိုးခွေကသီချင်းထွက်လာမယ်
“မင်းလက်ကလေးကိုကိုင်ချင်စမ်းလှတယ်။
စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး
မုသားနိုင်ငံမှာ
အပြန်တရာသေပါစေ
အမှန်အတွက်တိုက်ပွဲဝင်မယ်။
သံလွင်မြစ်မျက်နှာပြင်မှာ
မောမြေရဲ့ရာဇဝင်တွေ
ထင်ဟပ်ရဲပနေတယ်။
ရဲဘော်တို့သွေးဖြင့် | |
ချယ်ရီမွှေးလှပေရဲ့။
ထိုအတွေ့အမြင်
ယနေ့တွင်
သြော် .. ရင်ခုန်သံများ
ကြားပါစေ။
ကောင်းကင်ဘုံ မှာ
အိပ်မပျော်ချင်ပါဘူး။
ဒီလောက
ဒီမြေကြီးပေါ်မှာဘဲ
နှစ်နှစ်ချိုက်ချိုက်ကြီး
အိပ်ပျော်ချင်ပါတယ်။
ကျေးဇူးများစွာတင်ပါရဲ့
ဘုရားသခင်စောင့်ရှောက်တော်
မမူပါနဲ့။ | |
သိရိခေတ္တရာမှ
ကဗျာဆရာလေးအသဲမှာ
ရေခဲပန်းနု
ယုယပါလော့ .. အိုအမေ။
ယန်စီမြစ်ရိုးမှ
လေ့ထိုးသူ့တေးကဗျာ
နားဝင်မှာငြိမ့်ညောင်းအောင်
တမ်းမက်စရာကောင်းလှပေတယ်။ ။
မောင်ချောနွယ် | |
ချစ်သောသူဖြတ်သန်းခဲ့ရသော အရောင် အရိပ် ရနံ့ နှင့်
ကျွနုပ်၏ ဘဝအမော ဘဝအလွမ်း
(၁)
“၇၄” ရထားပေါ်မှ
ဘဝအားရှုမျှော်ကြည့်
အဘိဓမ္မာနံ့သင်းခဲ့ပြီ။
၂၀ရာစုနောက်ဆုံးပတ်
ကာလကားချပ်ရှုမျှော်ခင်း
နေတစင်း လတစင်း
မင်းရယ် ကိုယ်ရယ်
ချိုတယ် ခါးတယ်
၂၅နှစ်ဘူတာ
နောက်မှာဝေးကျန်ရစ်ပီ။
ပိတောက်တွေ
ပေါက်ကွဲလွင့်စင် | |
နွေရင်ပြင်မှာ
ကြင်နာသူယုယပါလော့။
(၂)
နေလောင်တဲ့သရက်သီး
မြီးမနေပါနဲ့တော့။
ကမ္ဘာထဲမှ
ကဗျာဆရာတယောက်
ဖြစ်မြောက်ခဲ့ပြီလား
ထိုပျားရည်ချို
ဘယ်လိုမက်မှန်းမသိပါ
ဒါနဲ့လေ
ဆံပင်တွေသာ
ရှည်ရှည်လာခဲ့။
အိမ်တံစက်မြိတ်
ကျောင်းအရိပ်မှာ
အိပ်ပျော်ချမ်းမြ | |
ငယ်ဘဝလေး
ဘယ်သူပြန်ပေးမှာလဲ
ဝေးကြပြီ။
သူငယ်ချင်းတွေ
လည်ပင်းဖက်ကြီးလဲ
ခရီးချင်းမတူ
သူငယ်ချင်းငယ်ရီးစားလေးလဲ
သားသယ်အမေဖြစ်လို့
“အချစ်ဆိုတာ
ရင်မခုန်တော့ပါ” တဲ့။
ညစ်ပတ်စုတ်ပေ
အပုတ်နံ့ရှူ
မြို့ပြမှာလူဖြစ်
ဗီတာမင်းဗရပစ်နဲ
အဆီဝအစ်ထူထပ်တော့
အသားအရေဖြူဖတ်ဖျော့။
တချို့ကိုကား | |
ထားခဲ့ရသည်
ရှိပါစေတော့
ပိတောက်ကြေလမ်းမှာ
နွေနွမ်းခဲ့ပါပြီ။
(၃)
စပါယ်တွေမြင်ရင်
အို. အသင်
ရင်ခုန်ပါလော့။
ဟောင်းသော်လည်း
မနွမ်းသောအရာ
“ဒနိုရာသန်းအေးရဲ့ လှေကလေး”
မိုးအေးအေးမှာမွေးလိုက်တာ။
ခို့ခေတ်ပြဆို
ရေဒီယိုက
“အချစ်ဆိုတဲ့များကလေး
အလစ်ကိုကွယ်တအားပြေး”
စစ်ဗိုလ်မယားလေးလှတယ် | |
ပွဲတော်တွေဟာလဲ
ပျော်စရာမကောင်းတော့ပါဘူး
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်ထာ။
သူငယ်ချင်းတို့ရေ ..
နောက်ကိုအလယ်မလွန်ကြနဲ့တော့နော်။
ကြည့်ပါအုံးကွယ်တို့
“မရှိခိုးနိုး
မလှစုန်းရိုး”
ရိုးသားမနေကြနဲ့တော့
မိတ်ဆွေတို့ရယ်။
နောင်ကြီးတို့
မောင်ကြီးတို့
အပြစ်လာဖို့ ရင်တော့
မေတ္တာပို့ကြရုံပဲပေါ့။
စေတနာတွေ | |
ထွေတလာ
သေပါစေ၊ ကြေပါစေပေါ့ ဗျာ။
ရာသီချိူ၊
သစ်သီးချိုမှ
အပျို
မိတုတ်ရယ်။
(၄)
အရပ်ထဲက
“ကျောက်ခဲ” ဆိုတဲ့သူက
ဆဲတိုင်းလေ့ရှိတယ်
“ကျောက်ခဲတဲ့ဟေ့
တခဲထဲရှိတယ်
ဘာမှတ်သလဲ”
အော်
“ကိုကျောက်ခဲနှယ်ဗျာ
လောကကြီးဆိုတာ | |
ကျောက်ခဲတခဲထဲနဲ့
ဖြစ်လာဒါမှမဟုတ်ထာ
လောကကြီးထဲမှာ
ကျောက်ခဲတခဲထဲဘဲ
ရှိဒါလဲမဟုတ်တာဗျာ”
ဘဝဈေးချိုလို့
ညီမလေးငိုတယ်
နေညိုပါပြီကွယ်။
(၅)
စိတ်များကား
ပျားတုတ်ခံရသလိုပါဘဲ
အာသာငမ်းငမ်း
တမ်းမက်မိပါရဲ့
ချစ်လှစွာသော
သစ္စာတရားရယ်။
လူ့ပြေမှာ | |
အသက်တရာမနေရ
အမှုတရာတွေ့ရတဲ့
ကျနော်ကား
အသက်တရာနေချင်
အမှုတရာလည်းတွေ့ချင်သူပင်။
ဘဝကို
ရင်ခုန်သလိုနေချင်တယ်..။
ဒါပေမဲ့ကျ
အခုများမှာ
လူသာမရှိရင်
အဘိဓမ္မာ
လူ့သိက္ခာတန်ဘိုး
ဘဝဟာအခိုးအငွေ့ဖြစ်
တမိနစ်ဆိုတဲ့ထဲမှာဘဲ
အသာလေးပျောက်သွားတော့မှာ။
အဘိဓမ္မာအလံထူ
လူတယောက်ဖြစ်ချင်ပါဘိတော့ | |
ချစ်တဲ့သူရယ်။
အော်
သူဟာ
အီကွေတာအသဲမှ
အမြဲစိမ်းသစ်ပင်ပါ။
(၆)
အိပ်မက်ဆိုးလိုအိပ်
ရာကနိုးခဲ့ရတယ်
အကျိုးများပေစွ။
တဖျိုးဖျိုးတဖျတ်ဖျတ်
လတ်ဆတ်သောစပယ်ရနံ့များ
တအားမွှေးလာတယ်
ဟို .. အဝေးက
ဟိုး .. အဝေးကြီးက
သေဆုံးသွားပြီဖြစ်တဲ့
ဒို့ချစ်သူတွေရဲ့ ရင်ခုန်သံ | |
ဒီလောကထဲမှာ
တုန်ခါနေသေးကြောင်း
ကောင်းကောင်းသိရတယ်။
ဒို့တွေရဲ့
ပျိုရွယ်မှုတွေ
အထုအထောင်းခံနေရ
ရာသီခေါင်းလောင်းထိုးသံမှာ
နာရီလက်တန်ရွေ့သွား
တံခါးတချပ်ပိတ်ရင်
တံခါးတချပ်ပွင့်သွားလိမ့်မယ်။
သူတို့ မုန်းလို့
ဒို့နှလုံးသား
ခါးမသွားပါဘူး။
(၇)
ကျွန်ုပ်၏ဘဝတဆစ်
၁၉၇၁ | |
လှေကားထစ်ကား
အချစ်များဖြင့်ရစ်ခွေ၏။
လှေကားထစ်များ
တထစ်ချင်းတက်
နွေရက်များလဲနွမ်းယော်၏ ။
ပူလောင်အိုက်စပ်ည
အိပ်ငိုက်ကျသွားပြီ။
ညအစွန်မှာ
ကျွဲရောက်လာတဲ့လေ
နှောင်းပိတောက်မွှေးရေများနှင့်
ညအားပက်ဖျန်းသွားလေရဲ့။
ဝါရွက်များက
မှန်တံခါးကို
တအားပြေးပုတ် လိုက်ကြ၏။
အရှေ့သည်
နီရဲလာပြီ။
အာရုဏ်တံခါးအဖွင့်
နေအပွင့်မှာ | |
ချစ်လှစွာသော
ကျနေ့ာ်လောက အိုအေစစ်
ချစ်သမီးလေး
မွေးဖွားလာခဲ့ပြီ
မဟူရာကိုကို
သက်တော်ရာကျော်ရှည်ပါစေ။
သမီးတို့ ခေတ်မှာ
အချစ်ရသချို
ဂီတပွင့်ဝေ
ကျောင်းတော်က ခေါင်းလောင်းသံ
ချိုအေးပါစေ။
(၈)
ဇကွဲနံပါတ်
လတ်ဆတ်လှပေတယ်။
တရံခါသာ
နာနတ်ရည်ရသ
ဘဝထဲစီးမျော | |
လောကကို မုန်းလိုက်ထာ။
ချစ်သူများစွာ
စကားဖောင်ဖွဲ့
ဒို့ခေတ်ရဲ့ရသ
တမြမြခံစားလို့
ရထားပြတင်းမှာ
အဆင်းမွဲကျန်
အကျည်းတန်အရာများ
ဝါးသွားမှိန်သွား
အပူချိန်တရာကျော်
အနံ့တွေညှော်တယ်။
အပျော်ပွဲတော်မှာ
ကျနော်သစ်သီးမခူးတော့ပါဘူး။
ဒို့အိပ်မက်တွေ
တရိပ်ရိပ်ရွက်လွှင့်
ဟိုး . မိုးမြင့်အာကာမှာ
နှစ်ပေါင်းရာထောင်သိန်းသန်း
ပျော်စမ်းပါစေကွယ်။ | |
(၉)
ဒူးယားရသ
ခါးလှတယ်။
မညာတတ်လို့
ကဗျာစပ်တယ်။
ဘာပဲဖြစ်ဖြစ်
ကဗျာချစ်တယ်
အနှစ်တထောင်အသက်ရှည်
အနှစ်တထောင်ရတက်ပွေလဲ
မျက်ရည်မကျချင်
နောင်တဘုရားထံ
အသနားမခံဒူးမတုပ်
မိုက်တဲ့အလုပ် ဆိုရင်လဲ
ငါမိုက်ချင်သေးတယ်။
ရာသီနွေဆုံးရင်
မိုးကလေးစွေမယ်
သပြေတွေသီးမယ် | |
ရည်းစားသစ်ပေါ်မယ်
နေအောက်မှ
တောက်တောက်ပပရဲရဲရင့်ရင့်
လွတ်လပ်မှုပန်းများပွင့်
ရနံ့လွင့်ထုံ
အို. ရင်ခုန်ရပါစေသား။
(၁၀)
လဖက်ရည်တခွက်ဖြင့်
အသက်ရှည်ပါစေသတည်း။
ပုလွေချို
အပျိုချော့တဲ့
တောညနေရီပန်းချီကား
အပူရောင်များနဲ့ဖွဲ့စည်းထားတယ်။
ဇာခန်းဆီး
မီးအိမ်လဲ့ပြာ
တိုယိုတာ
ကိုရိုလာရယ် | |
ကိုယ်လိုရာသွားသေတော့။
ဒို့ အဆောက်အအုံတော်ကြီးကတော့
လော်လီဖောက်ပြားနေသတည်း။
(၁၁)
“အေး” ရေ
“အေး” ရေ
အတွေးထဲမှာ
လာလာမနှောက်နဲ့နော်
နားခိုခဲ့သော
တောအုပ် ငယ်ကလေး
လောကကြီးအလယ်
ချာချာလယ်။
တချို့သည်ကား
နှလုံးသားတည့်
တရားနဲ့ဖြတ်နှုတ်ဆက်ခဲ့ရသည်။
ဒို့ ဘဝတွေ
ညလိုမဲမှောင်လျက် | |
အသက်ရှူကြပ်
ဘေးကြပ်နံကြပ်
ငတ်ပြတ်ချို့တဲ့
ဆင်းရဲတဲ့ရောဂါရနေတယ်။
ချောင်းဆိုးပျောက်ဆေး
အိုးပင်းဈေးတဲ့
ဆေးဆိုင်ဆိုင်းဘုတ်မှာ
ကြောင်ခြစ်သလိုကုတ်ထားတယ်။
ပုလဲဒါယူ
ချစ်တဲ့သူရေ
အပူနဲ့နော်
ဒီဇမ္ဗူမှာ
ဒို့တွေလုဖြစ်ကြတော့မယ်။
ပုလဲ ရဲ့
စွဲမက်ဖွယ်ရာ
ရက်ကော်တာတေး
လမ်းဘေးကချွဲ့နေရဲ့။
“ချစ်ဦးသူတို့ ဖူးစာ | |
ဆုံပါ စေသားရယ်လို့
ဆုတောင်းပေးပါလားကွယ်”။
(၁၂)
“နေပူစပ်ခါး
မသွားပါနဲ့သားရယ် တဲ့
(ဓါးကိုဘေးမှာထားပြီး
ဟိုးမားရဲ့ကဗျာကိုဖတ်ရင်း
ဒီလောကကြီးကို
တဟုန်ထိုး ထိုးဖောက်နိုင်တဲ့
လမ်းကို
သားတွေ့ခဲ့ပါပြီအမေ )
အဲဒီလို
“နပိုလီယံ” ဟာ
သူ့ အမေထံ
စာပြန်ခဲ့ဘူးတယ်
ဟုတ်ကဲ့ . အမေ
နှုတ်ဆက်ခဲ့ပါရဲ့ | |
နေပူစပ်ခါးကိုဘဲ
သားသွားတော့မယ်။
စိမ်းလန်းတဲ့ရုက္ခဗေဒရသ
သားဘဝထဲ ရလာတဲ့ အခါမှ
အမေ့အုတ်ဂူမှာ
သားလွမ်းသူ့ပန်းခွေလာချပါအုံးမယ်။
(၁၃)
အခုအခါနှိုက်
ကံကြမ္မာအလုံးစုံ
“ထီ” ပေါ်ပုံရ
ကံကြုံရင်ထီပေါက်လိမ့်
ပျော်စရာတွေ ပျောက်ရှခဲ့ပြီ
စားပွဲထိုးလေးဟာလဲ
နိုင်ငံအကျိုး
သယ်ပိုးသူပါဘဲတဲ့
အဲသလိုတော့ဆိုကြရဲ့။
အဲသလိုနဲ့ | |
နေညိုခဲ့ပြန်ပီ။
ဘယ်လိုကပ်မှာ
တပ်ပျက်ခဲ့လေလဲ
သားသယ်အမေ
ရူးလို့နေပါပေါ့လား။
ရှိပလေစေ-
ကြည့်နေသိနေတယ်။
နောင် အနှစ်တထောင်မှ
“မောင်ချောနွယ် လူဖြစ်ရင်လဲ
စိတ်တွေမညစ်ပါဘူး
“ထီ ပေါက်ရင်တော့
နောက်လင်ယူမယ့်မယားရှိတယ်။
ကိုယ်ပိုင်နိုင်ငံလေးမှာ
ရင်ခုန်သံဂီတနဲ့
ချစ်သမီးလေးကစေချင်ပါပြီ။
(၁၄) | |
ချစ်တဲ့သူရေ
ဘဝတန်ဘိုး
ရေမိုးချိုးရင်း
တိုးဖြည့်ကြစို့ကွယ်။
ကျွန်ုပ်၏
ပစ္စုပ္ပန်၊ အတိတ်
အလင်း၊ အမှောင်၊ အပူအအေး
တေးသစ်၊အရောင်သစ်
ဖြစ်စေ၊ သစ်စေ
ခေတ်ကြီးများစွာ
ကာလသုံးပါး
ဖြတ်သန်းသွားသော
ထားရာမနေ၊စေရာမသွား
တရားအတိုင်းတော်တည်စေ။
ဘဝအမောတွေ
တောအုပ်အလယ်
ချောင်းငယ်အနား | |
မြစ်ကမ်းပါးထိပ်
သစ်ရိပ်တောင်ရိပ်
မြို့ရိပ်ပြရိပ်
ချိပ်ခဲ့ထားခဲ့
နားခဲ့ခိုခဲ့
စိုခဲ့ခြောက်ခဲ့
ပျောက်ခဲ့ရှခဲ
နွမ်းသမျှအထွေထွေ
အနာဂတ်ရသဖြစ်စေသတည်း။
အားလုံးဘဲ
သွားပါဦးမယ်။
(၁၅)
နှင်းငွေ့သဇင်နံ့
ရှစ်ခွင်လုံးမှာ
မှုးချယ်သလို့
တဆောင်းသစ်ပြန်အုံးတော့မယ်။ | |
ရေမြေလေမီး
ဓာတ်ကြီးလေးပါးကြောင့်
ပန်းများလဲပွင့်ကြကုန်၏။
ချစ်တဲ့သူရေ
မြစ်ရေစီးတွေ
ခရီးရောက်လှပေါ့။
နောက်ဆဲ့ငါးနှစ်ဆို
“မဟူရာကိုကို” အပျိုဖြစ်တော့မယ်။
မောင်ချောနွယ် | |
အပိုင်း (၁)
(၁)
“နားထောင်နော်...”
အဘိုးအို၏ အိုမင်းသေးသွယ်သော လက်ချောင်းများက သူ၏ ကြိုးတပ်
တူရိယာကြီးပေါ်၌ လှုပ်ရှားပြေးလွှားနေသည်။ စူးရှသိမ့်ညောင်း သော ဂီတသံ
သည် ကြည်လင်စွာ ပျံ့စီးကျလာသည်။
“အင်း...”
ဂျူနို မျက်လုံးအစုံကို မှိတ်လိုက်၏။ ဂီတသံစဉ်ထဲသို့ သူ့ကိုယ်သူ ပစ်သွင်း
နားထောင်လိုက်သည်။ အာရုံထဲမှာ “အပြာရောင်ပျော့ပျော့” ကို ခံစားရသလိုရှိ၏။
ဂီတသံစဉ်အတိုင်း စီးမျောလိုက်ပါသွားရင်း...
“သိပြီ... သိပြီ... မြစ်ရေတွေစီးနေတယ်” | |
အဘိုးအိုက
တဟားဟား
အော်ရယ်၏။
တူရိယာကြိုးများပေါ်
မှ
သူ၏လက်ချောင်းများကို သွက်လက်စွာလှုပ်ရှားလိုက်ရင်း...
“ဟုတ်တယ်။ မြစ်ထဲမှာ လှေတစ်စီးရွက်လွှင့်နေတယ်။ ဆက် နားထောင်
လိုက်ဦး”
ဂီတသံစဉ်က လွင့်ခတ်မျောရွေ့သွားသည်။ မူလသံစဉ်၏ အလျား အတိုင်း
အခြားသံစဉ်တစ်ခုကပါ တိုးဝင်လိုက်ပါလာသည်။
ဂျူနို၊ ရှည်လျားသော သူ့မျက်တောင်ကြီးများကို တဖျတ်ဖျတ် ခတ်ရင်း...
“ရေထဲမှာမဟုတ်ဘူး... မဟုတ်ဘူး။ ရေအောက်မှာ တစ်ကောင် ကောင်
ကူးလာသလား”
အဘိုးအိုက
ချက်ချင်းမှာ
ဘာမှပြန်မဖြေ။
ဦးခေါင်းကို
ငဲ့ညွတ်
တိမ်းစောင်းရင်း သူ့တူရိယာကြီးကိုသာ အာရုံစိုက် တီးခတ်နေသည်။
ခဏကြာမှ • •
“ဟုတ်တယ်။ ရေအောက်ကနေ နဂါးတစ်ကောင် ရေပေါ်ကိုတက် လာ
တယ်။ လှေပေါ်က ခရီးသည်တွေကို ဒုက္ခပေးတော့မယ်။ ဟော... အခု... သူတို့
ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လှေပေါ်ကလူတွေက ခုခံလို့ နဂါးနဲ့ တိုက်ပွဲဖြစ်ကြပြီ”
ဂီတသံစဉ်သည် ပြင်းထန်သော အသံလှိုင်းရိုက်ချက်များဖြင့် ထက် မြစွာ
စီးလွင့်လာသည်။ ထိုတိုက်ပွဲရစ်သမ်ကို နားထောင်ရင်း ဂျူနိုရင်ထဲ မှာ သုန်သုန်
မောမော ဖြစ်လာ၏။
“ဟုတ်တယ်... တိုက်ပွဲ.. တိုက်ပွဲ” | |
တိုက်ပွဲသည် ကြမ်းသည်ထက် ကြမ်းလာ၏။ ဂီတသံစဉ်က ဂျိုးဂျိမ့် တုန်
ခါလာသည်။ ဂျူနို သူ့လက်ဖဝါးများကို ဆုပ်ချည်ဖြန့်ချည်လုပ်ရင်း ဂီတသံထဲမှာ
ယိမ်းထိုးနေမိ၏။
ဂီတသံစဉ်က ပုံစံတစ်ခုဆီ ကူးပြောင်းသွားပြန်သည်။ အလျား လိုက်စီး
ဆင်းနေသော အသံလှိုင်းများကြားထဲသို့ ဒေါင်လိုက်ဆန်သော အသံလှိုင်းတစ်ခု
ဆင်းဆင်းချလာ၏။
အဘိုးအိုက...
“လှေပေါ်မှာ သူရဲကောင်းတစ်ယောက်ပါလာတယ်။ သူရဲကောင်း က
ကျန်သူတွေအတွက် အနစ်နာခံပြီး နဂါးကြီးရဲ့ ခံတွင်းထဲကို ခုန်ဆင်း သွားလိုက်
တယ်။ သူ့ဓါးကိုမြှောက်ပြီး တစ်လှမ်းချင်းဝင်သွားလိုက်တယ်”
ဂျူနို စိတ်လှုပ်ရှားလာသည်။ နဂါးခံတွင်းထဲသို့ သူကိုယ်တိုင် တစ် လှမ်း
ချင်း ဝင်နေရသလို ခံစားလာရ၏။ ဂီတသံကလည်း တစ်ချက်ချင်း တစ်ချက်ချင်း
သူ့ကိုဆောင့်ဆွဲချနေသည်။
“အိုး... လင့်ခ်”
အဘိုးအိုလင့်ခ်၏ ခန္ဓာကိုယ်သည် တူရိယာကြီးကို တီးခတ်ရင်း တ
ဆတ်ဆတ်တုန်ရင်လာသည်။ ဂျူနို အလန့်တကြားပင် အော်လိုက်မိ၏။ ဂီတသံ
က မြင့်မားလှိုက်ဟည်းသွားပြန်သည်။
“အိုး... အိုး”
အဘိုးအိုက တူရိယာတီးခတ်မှုထဲမှာ ဈာန်ဝင်နေရင်းက ဝမ်းခေါင် သံကြီး
ဖြင့်ပြော၏။ | |
“နဂါးကြီး ခါးနင်နေပြီ။ သူရဲကောင်းကိုစားပြီး နဂါးကြီး ခါးနင်နေ ပြီ။
သူ... မြစ်ကြမ်းပြင်မှာ လူးလှိမ့်ခံစားနေရပြီ”
အဘိုးအိုက သီဝေသော မျက်လုံးများဖြင့် ဘယ်ဆီဘယ်ဝယ်မသိ သော
အရပ်တစ်ခုကို မျှော်ကြည့်နေသကဲ့သို့ရှိ၏။ မျက်လုံးများကတော့ ငြိမ်စိုက်...
တန့်ရပ်နေသည်။
တူရိယာပေါ်မှ သူ့လက်ချောင်းများကသာ နဂါးကို အကြေးခွံများ ဆွဲဆွဲခွါ
သလို ဆန့်မြှောက်လူးခတ်နေသည်။ ဂီတသံစဉ် မြင့်သည်ထက် မြင့်လာပြီး...
အမြင့်ဆုံးအရောက်မှာ...
“ထောင်း...”
ကြိုးပြတ်သွားသည်။ ဂီတသံရပ်သွား၏။
အဘိုးအိုသည် လျှပ်စစ်ဓာတ် ပြတ်တောက်သွားသော စက်ရုပ်ကဲ့သို့
လှုပ်ရှားလက်စ ပုံစံအတိုင်း ကြီးပင် ငြိမ်သက်သွားသည်။
ဂျူနိုလည်း တစ်စုံတစ်ခုထဲမှာ ရုတ်တရက် ကျွတ်လွတ်ထွက်လာ သလို
ခံစားလိုက်ရ၏။ အယောင်ယောင်အမှားမှားဖြစ်နေသော အသက်ရူ သံကို ပြန်
ထိန်းချုပ်လိုက်ရ၏။
သို့သော်... အနိုင်နိုင်။
အဘိုးအိုက အတန်ကြာမှ မျက်လုံးများဖြင့် သက်ဝင်လှုပ်ရှားလာ သည်။
သက်ပြင်းရှည်ကြီးတစ်ချက်ကို ချ၏။ ရင်ခွင်ထဲမှ တူရိယာကို ဖြည်းညင်းစွာ ဘေး
သို့ချပြီး | |
“ဂျူနို...”
ဂျူနိုက သူမ၏ လှပသော မျက်လုံးဝိုင်းများဖြင့် အဘိုးအိုကို ကြည့်အံ့မော
လျက်။
“အရမ်းကောင်းတဲ့တီးလုံးပဲ”
ဂျူနို့စကားအဆုံးမှာ အဘိုးအိုက ကျေနပ်အားရစွာ တိုးတိုးညင် ညင်
ရယ်၏။
ဂျူနို သက်ပြင်းချရင်း ထိုင်ရာမှထသည်။
“နောက်လည်း တီးပြဦးနော် အဘိုး”
“တီးပြမယ် တီးပြမယ် ခု ပြန်တော့မလား”
“ဟုတ်ကဲ့”
“အေးလေ၊ နောက်လည်း ကြုံရင်ဝင်ခဲ့ပေါ့”
“ဟုတ်ကဲ့။ ခု သွားပြီနော် လင့်ခ်”
“အေးအေး... ကောင်မလေး။ သွား”
ဂျူနို... လင့်ခ်အဘိုးအိုထံမှ ထွက်ခွါလာခဲ့၏။ သို့သော် အဘိုး အို၏ ဂီတ
သံစဉ်က သူမနှင့်အတူ လိုက်ပါလာဆဲ။ သူမလည်း မြစ်ရေထဲ မှာ လှေတစ်စီး
ကဲ့သို့ မျောရွေ့နေ၏။
သူမ၏နောက်မှ နဂါးတစ်ကောင် ကူးခတ်လိုက်ပါလာသလို... | |
ဝိုးတဝါး ခံစားသိမြင်နေမိလေသည်။
(၂)
ပွဲတော်ခန်းမတွင်းမှာ မည်သူမှမရှိ။ အတွင်းတံခါးကို တွန်းဖွင့်ကာ နောက်
တစ်ခန်းကို ဖြတ်ကျော်လိုက်သည်။
စာဖတ်ခန်းမထဲမှာ လူကြီး၊ လူငယ်အချို့ ကွန်ပျူတာဖြင့် စာထိုင် ဖတ်နေ
ကြသည်။ ဂျူနို့ကိုမြင်သောသူတစ်ယောက်က လက်ညှိုးထောင်ပြ ပြီး အသံတိတ်
နှုတ်ဆက်၏။
ဂျူနို လက်ညှိုးကလေး ပြန်ထောင်ပြလိုက်ရင်း တုံ့ပြန်နှုတ်ဆက်ခဲ့သည်။
“ပညာခန်းမ” ထဲမှာ ဆရာတစ်ဦးက အကဗေဒဆိုင်ရာ ကျောင်း သားများ
အား ပို့ချချက်တစ်ခုကို ပို့ချနေသည်။
ဂျူနို့ကိုမမြင်ကြ။ သူတို့အလုပ်ထဲမှာသာ သူတို့အာရုံရောက်နေကြ သည်။
နောက်ဘက်ကျကျ ခုံတစ်လုံးမှာ ဂျူနို ကွယ်ကွယ်လျှိုလျှိုး ဝင်ထိုင် လိုက်၏။
ဆရာဖြစ်သူ၏
ပို့ချချက်များကို
ကျောင်းသားတစ်ယောက်လို
လိုက်
နားထောင်နေလိုက်သည်။ | |
“၂၀ ရာစုနောက်ပိုင်းမှာ အနုပညာနဲ့ပတ်သက်တဲ့ ပုံစံသစ်၊ သဘောတရား
သစ်တွေ ပေါ်လာတယ်၊ အကဟာလည်း အခြားအနုပညာတွေ နည်းတူပဲ။ ပုံစံ
အသစ်အဆန်းတွေကို ဖော်လာတယ်၊ သဘောတရား အသစ်အဆန်းတွေကို ခေါ်
လာတယ်”
ကျောင်းသားများ စိတ်ဝင်တစား နားထောင်နေကြ၏။ ဆရာက ၂၀ရာစုမှ
သည် လက်ရှိ ၂၃ရာစုအထိ အနုပညာ ပြောင်းရွှေ့ပုံများကို ထဲထဲဝင်ဝင် ရှင်းပြ
နေသည်။
“နောက်တော့ ကမ္ဘာဟာ ရွာတစ်ရွာလို ဖြစ်လာတယ်။ နိုင်ငံတွေ ဟာ
ဒေသသဘောလောက်ပဲ ဆောင်လာတယ်။ ဆိုင်ဘာနက်တစ်, ရိုဗော့ တစ်ပညာ
တွေရဲ့ တိုးတက်ဖြစ်ထွန်းမှုအရ လူနေမှုပုံစံတွေလည်း ပြောင်း လာတယ်။
ထူးခြားတဲ့အလေ့အထသစ်တွေ ပေါ်လာတယ်။ ဒီနေရာမှာ ဆရာပြောချင်တာ
ကတော့ နှစ်သစ်ကူးပွဲတော်ကိုပဲ...”
ဂျူနို... ခေါင်းကို ပုဝပ်လိုက်မိ၏။ သူမကို မည်သူကမှ သတိ မထားမိတာ
သေချာသည့်တိုင် စိတ်ထဲမှာ မလုံလှချေ။ ဘေးဘီကို မျက်လုံးကစားမိ၏။
ကျောင်းသားများက ဆရာ့စကားမှာ စိတ်ဝင်စားနေ ကြသည်။
“နှစ်ဟောင်းရဲ့ နောက်ဆုံးည ဆယ့်နှစ်နာရီမှာ နှစ်သစ်ကိုကြိုဆို တဲ့
“မီးအိမ်ထွန်းပွဲတော်” ကို ကချေသည်နဲ့ ကျင်းပခဲ့ကြတယ်။ ကမ္ဘာ့ အကောင်းဆုံး
ကချေသည်က အဲဒီမီးအိမ်ကို မီးထွန်းညှိရတယ်။ နှစ်သစ် ကို သူရဲ့ အကနဲ့ကြိုဆို
ပြီး အဲဒီနှစ်သစ်ရဲ့ အလင်းရောင်တွေကို ဖော်ကျူး ယူဆောင်တဲ့သဘောနဲ့ မီးအိမ်
ကို ထွန်းညှိရတာပဲ။ လွန်ခဲ့တဲ့သုံးနှစ်က စပြီး ကမ္ဘာ့အကောင်းဆုံး ကချေသည်ကို
ရွေးချယ်ခဲ့ကြတယ်။ နှစ်သစ်ကူး မီးအိမ်ကို ပထမဆုံးထွန်းညှိခွင့်ရတဲ့ ကချေသည်
ကတော့ “ဖော်မယ်ဟော့” | |
ဆရာက. . . လက်ထဲမှ ရီမုတ်ကွန်ထရိုးကို ခလုတ်နှိပ်လိုက်၏။ ဆရာ့
နောက်ဘက် ပိတ်ကားပေါ်တွင် “ဖော်မယ်ဟော့”၏ ရုပ်ပုံပေါ်လာ သည်။
“ဖော်မယ်ဟော့ဟာ... မျက်လှည့်ပညာနဲ့ ရောစပ်ထားတဲ့ ကကြိုး က
ကွက်တွေကို အလွန်ပိုင်နိုင်သူဖြစ်တယ်။ အဲဒီကကွက်တွေက လည်း သူတီထွင်
ထားတဲ့ ကကွက်တွေပဲဖြစ်ပါတယ်။ ဥပမာ ကြည့်ကြ”
ဆရာ့လက်ချောင်းများက ခလုတ်ကို ပြောင်း၍နှိပ်လိုက်သည်။ ပိတ်ကား
ထက်မှာ ဖော်မယ်ဟော့သည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်၍ လှပစွာကနေ၏။
အနီရောင်ဝတ်ရုံကြီးကို လွင့်ဝဲထွက်သွားအောင် သူမ၏ကိုယ်ကို လှည့်
လိုက်၏။ ပရိသတ်ဘက် မျက်နှာမူသောအခါ ဝတ်ရုံသည် အညို ရောင်သို့
ကူးပြောင်းသွားသည်။
သူ့ပါးစပ်ထဲမှာလည်း ပန်းတစ်ပွင့်ကို ကိုက်လျက်သား။ ဖော်မယ် ဟော့က
တီးလုံးနှင့်အတူ ကိုက်ထားသောပန်းကလေးကို ဖြုတ်ယူ၏။ ပန်းကလေးကို ငုံ့အ
နမ်းမှာ...
“ဖောင်း...”
ပန်းကလေးထံမှ လှပသော မီးရှူးမီးပန်းများ ပေါက်ကွဲလွင့်ဖြာ ထွက်လာ
သည်။ တီးလုံးကလည်း အလွန်တရာမြူးကြွသော သံစဉ်ဆီသို့ ကူးပြောင်း
သွား၏။ မီးရှူးမီးပန်းများနှင့်အတူ ဖော်မယ်ဟော့လည်း ပျံဝဲရွေ့ လျားသွား၏။
မြူးကြွသော တီးလုံးနှင့်အတူ မြူးကြွစွာ ကလေတော့သည်။
“အဲဒါ ဖော်မယ်တော့်ရဲ့ ကကွက်ပဲ။ အကပညာကို မျက်လှည့် ပညာတွေနဲ့
ရောစပ်ထားတယ်” | |
ကျောင်းသားများ ခေါင်းတဆတ်ဆတ်ညိတ်နေကြ၏။ ပိတ်ကား ထက်မှာ
ဖော်မယ်ဟော့၏ရုပ်ပုံ ပျောက်ကွယ်သွားပြီ။
ဂျူနိုရင်ထဲမှာ တွေးနေမိ၏။ ထိုကဲ့သို့ အကပညာထဲတွင် မျက် လှည့်ပညာ
များ ထည့်သွင်းရောစပ်လိုက်ခြင်းသည် ဖော်မယ်တော့်ကို ထင်ရှား အောင်မြင်စေ
ခဲ့သော
အချက်ပင်ဖြစ်၏။
သို့သော်...
အားသာချက်
ရှိသည့်အလျောက်
အားနည်းချက်လည်း ရှိသည်ပင်။
သူ့ဝတ်ရုံက သူ့ကိုချုပ်နှောင်ထားလေသည်။ သူ၏ မျက်လှည့် ကိရိယာ
များသည် ထိုဝတ်ရုံထဲတွင် အကန့်လိုက်ထည့်ထားရ၏။ သူ့ လှုပ်ရှားမှုကို မ
လွတ်လပ်အောင် ဖန်တီးထားသည်။
သူ... လွတ်လပ်စွာ ကန့်၍မရချေ။ ထို့ကြောင့် နောက်နှစ်တွင် “အိုဗာရွန်”
က သူ့ကို ကျော်ဖြတ်သွားခြင်းဖြစ်၏။
ဆရာက အိုဗာရွန့်အကြောင်း ရှင်းပြနေသည်။
“အိုဗာရွန်ကကျတော့ သူ့ရဲ့ ကကွက်တွေကို ကျွမ်းဘားပညာဆန် ဆန်
ဖော်ထုတ်ပြတယ်။ နမူနာ နည်းနည်းကြည့်လိုက်ရအောင်...”
ပိတ်ကားထက်မှာ အိုဗာရွန်ခုန်ပျံကျော့ရှင်းစွာ ပေါ်လာ၏။ လူး လွန့်နေ
သော မီးအလင်းအမှောင်များကြားမှာ လိပ်ပြာလေးတစ်ကောင်လို လှုပ်ရှားနေ၏။
သူမ၏ခန္ဓာကိုယ်သည် စက်ဝိုင်းထဲမှာ ပိတ်မိနေသည့် မျဉ်းဖြောင့်တစ်ကြောင်း
အလား ပရိသတ်ကို အသိအာရုံထွေပြားလှိုက်မော စေသည်။
ကျောင်းသားများ စိုက်ကြည့်နေစဉ်တွင် ဆရာက ခလုတ်ပိတ် လိုက်၏။
“ကဲ... မင်းတို့အားလုံး သဘောကျကြရဲ့လား” | |
ကျောင်းသားများထံမှ ရယ်သံခပ်အုပ်အုပ်ထွက်လာသည်။ ဂျူနို ကြိတ်ပြုံး
နေမိသည်။ ကျွမ်းဘားဆန်ဆန်ကသောကြောင့် အိုဗာရွန့်ထံတွင် ပျော့ကွက်တစ်ခု
သက်ဝင်သွား၏။
လှုပ်ရှားမှုဖြင့်သာ
သူမ၏အကကို
ဖွဲ့စည်းနေရ၏။
“အ
ငြိမ်”က၍မရ။
ထိုသို့တွေးမိနေချိန်မှာပဲ နားထဲတွင် သူမ၏နာမည်ကို ခေါ်သလို လို ကြား
မိ၏။ ဆရာက ကျောင်းသားများကို ရှင်းပြနေခြင်းဖြစ်၏။
“အိုဗာရွန့်ကို ဖြတ်တက်နိုင်မယ့်သူ မရှိနိုင်တော့ဘူးလို့ ထင်စရာ ပဲ။ ဒါပေ
မယ့် အဲဒီနှစ်ထဲမှာပဲ နှစ်ကိုယ်ခွဲဆိုတဲ့ ကကြိုးတစ်ခုဟာ အတော် နာမည်ကြီးလာ
တယ်။ အဲဒီကကြိုးရဲ့ ပိုင်ရှင်က “ဂျူနို” တဲ့။ သူ့ရဲ့ ကကြိုး ဟာ အင်မတန်
ဆန်းကြယ်တယ်။ သူတစ်ယောက်တည်း “က” နေလျက် ကကို တစ်ခါတစ်ခါ လူ
နှစ်ယောက်ကနေတာလားလို့ ထင်ရလောက်အောင် စွမ်းအားကြီးတယ်။ ဖမ်းစား
နိုင်တယ်။ ကဲ... သူ့ရဲ့ အကကို အား လုံးဝိုင်းကြည့်လိုက်ကြစမ်းပါဦး”
ပိတ်ကားပေါ်တွင် ဂျူနို၏ ရုပ်ပုံပေါ်လာ၏။ နှစ်ကိုယ်ခွဲ” ကကွက် ကိုက
ရန်ဖြစ်သည်။ ပိတ်ကားပေါ်မှ ဂျူနိုက သူမ၏ကကြိုးကို စတင်ချိန် မှာပဲ ခန်းမထဲ
ရောက်နေသော ဂျူနိုက တိတ်တိတ်ကလေး ပြန်ထွက်လာ ခဲ့၏။
ကံကောင်းထောက်မစွာ သူမကို မည်သူကမှ သတိမပြုလိုက်မိကြ ချေ။
မိတ်ဆက်စကားများ၊ ချီးကျူးစကားများအားလုံးကို သူမ ငြီးငွေ့စပြု နေပြီ။
ဆရာ၏စကားသံက အခန်းအပြင်အထိ လျှံထွက်လာသည်။
“ဂျူနိုဟာ
ကမ္ဘာ့အကောင်းဆုံး
ကချေသည်အဖြစ်
လွတ်လွတ်
ကျွတ်ကျွတ် သတ်မှတ်ခံရတယ်။ နောက်နှစ်မှာလည်း ဂျူနို့ကို ယှဉ်နိုင်သူ တစ် | |
ယောက်မှ မပေါ်ဘူး။ ဂျူနိုဟာ ကကွက်တစ်ခုကို တီထွင်လိုက်ပြန် တယ်။ အဲဒီက
ကွက်ရဲ့ နာမည်က...“ရေအောက်ကမ္ဘာ...”တဲ့”
ဝတ်ရုံထဲ
လက်နှစ်ဖက်ထိုးထည့်ရင်း
ဂျူနို
ပခုံးတွန့်လိုက်သည်။
အဆောက်အအုံကြီးအပြင်ကိုရောက်သည်။ လှေကားထစ်မှဆင်းရန် ခြေ အချ. • •
“ဟေး... ဂျူနို”
ဂျူနို စိတ်ပျက်သွားသည်။ သတင်းထောက်များစွာက သူမကို စောင့်နေ
ကြခြင်းဖြစ်၏။ သူမစိတ်ပျက်လက်ပျက်ဖြင့် ဦးခေါင်းကိုငဲ့ပြီး မျက်ခုံးအတွန့်ချိုးမိ
သောအခါ မီးရောင်များ ဝင်းခနဲလက်သွား၏။ ဓါတ်ပုံ များ ဝိုင်းရိုက်ကြခြင်း
ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်... (မျက်နှာကို ရှုံ့မဲ့ပြလိုက်သည်ပဲဖြစ်ဖြစ်) ဓါတ်ပုံ အထွက်မ
ကောင်းမှာကိုတော့ ဂျူနိုမပူမိချေ။ သူမသည် မည်သည့်အနေ အထားဖြင့်ဖြစ်စေ
လှပသောမိန်းမပျိုလေးတစ်ဦး ဖြစ်လေသည်။
(၃)
နံရံတွေကိုက အေးစက်စက်ရသတစ်ခုကို ဖြန့်ချပေးနေသလို ဂျူနို ခံစားရ
သည်။ ဝတ်ကျောင်းတော်၏ ခန်းမကြီးသည် ကျယ်ဝန်းလှ၏။ အမိုး ကလည်း မြင့် | |
မားသည်။ ဝတ်ကျောင်းတော်ထဲ ဝင်လိုက်မိသည်နှင့် စိတ် ထဲမှာ တစ်မျိုးကြီး
ခံစားရသည်ကတော့ အမှန်ပင်ဖြစ်သည်။
ဝတ်ကျောင်းတော်ကြီး၏
နံရံမှာ
ပန်းနွယ်ပန်းခက်များနှင့်အတူ
ထူးခြားသော ဂမ္ဘီရရုပ်ကြွများကိုလည်း ထုဆစ်ထား၏။ ထိုရုပ်ကြွများထဲ တွင်
မီးတုတ်ကိုင်၍ ကနေသောလူများ၊ မျက်နှာဖုံးစွတ်၍ ကနေသောလူများ၊ မှော်
ဆရာဆန်ဆန် ကောင်းကင်ဆီ လက်ကိုဆန့်မြှောက်ရင်း ယိုင် ထိုးယိမ်းနွဲ့နေသော
လူများလည်း ပါဝင်လေသည်။
ထိုအရုပ်များ၏ ကဟန် “တည်”ပုံများ၊ ကကွက်ဖြတ်ပိုင်းပုံများ သည် ဂျူ
နို့အတွက် အထူးပင် စိတ်ဝင်စားဖွယ်ရာ ဖြစ်နေတော့၏။
ခန်းမထဲမှာ သုံးလေးခါပြန်ပတ်ချာလည်သွားသည်အထိ ဂျူနို လျှောက်
လည်ကြည့်နေမိသည်။ အားလပ်သည့်အခါတိုင်း၊ မောမောလျလျ ဖြစ်မိသည့်
အခါတိုင်းမှာ ဤဝတ်ကျောင်းသို့ သူမရောက်လာတတ်သည်။
အရှေ့ဘက်နံရံမှာ စိမ်းဖန့်ဖန့်မီးရောင်များ၊ စိမ့်စက်ရွှန်းဖြာနေ သည်။ ထို
မီးရောင်များအောက်တွင် လူတစ်ဦး ယောဂကျင့်နေ၏။ မျက်လုံးအစုံကိုမှိတ်၍ မ
လှုပ်မယှက် ငြိမ်သက်စွာ ထိုင်နေသည်။
ဤလျှို့ဝှက်သော ဝတ်ကျောင်းတော်ကြီးဆီမှ လျှို့ဝှက်သော လူသားတစ်
ဦးလည်း ဖြစ်သည်။ အသက်သုံးဆယ်ကျော်မျှသာ ရှိသေး၍ ကြီးရင့်လှပြီဟု မဆို
နိုင်သေး။
ဂျူနိုလာတိုင်းမှာ သူ့ကို ဤပုံစံအတိုင်းသာ တွေ့ရသည်။ မလှုပ် မယှက်
ယောဂကျင့်လျက်။ သူ့အမည် “ဟိုင်ပို” ဆိုသည်မှလွဲ၍ အခြားဘာ ကိုမှ ဂျူနိုမသိ
ချေ။ |
End of preview. Expand in Data Studio
README.md exists but content is empty.
- Downloads last month
- 73